Skip to main content

Command Palette

Search for a command to run...

ဆာတီဖီကိတ်တွေ

Updated
1 min read

ပိုက်ဆံကုန်ခံပြီး ဖြေဖြစ်ခဲ့တာ Red Hat ပဲရှိတယ်။ RHCE က သည်နှစ် ၃ လပိုင်းက သက်တမ်းကုန်သွားပြီ။ RHCS Ansible ဖြေဖို့လုပ်ဖြစ်ခဲ့ပေမယ့် မဖြေဖြစ်လိုက်ဘူး။ သင်တန်းက စာရေးမတယောက်က ဖြေမယ့်ရက်ပြန်ပြောပေးမယ်ဆိုပြီး ဘာမှ ပြန်မပြော၊ ကျွန်တော်ကလည်း သင်တန်းက ဆရာတွေ ပိုင်ရှင်တွေနဲ့ ရင်းနှီးခင်မင်ပေမယ့် follow up မလုပ်ဖြစ်လိုက်တော့ CE လည်း သက်တန်းကုန် RHCS လည်းမဖြစ်ခဲ့ဘူး။ နိုင်ငံရေးအခြေအနေတွေနဲ့ဆိုတော့ ကျွန်တော်လည်း တအား follow up မလုပ်တာလည်း ပါတယ်။

CKA ကို ဝယ်ပြီးမဖြေဖြစ်ခဲ့ဘူး။ ၂၀၁၉ discount ပေးတုန်းက ဝယ်လိုက်တာ ဖြစ်မယ်။ အပျင်းကြီးချက်တွေ ဆိုတာ။ အခုတော့ နှမျောမိတာပေ့ါလေ။ နောင်တဆိုတာ နောင်မှ ရတာပဲ မဟုတ်လား။ အခု ဒေါ်လာဈေးနဲ့ကြတော့ အရမ်းများနေပြီး မလှုပ်နိုင်တော့ဘူးလေ။

Cloud နဲ့ပတ်သက်တာက Huawei နဲ့ Oracle ပဲရှိတယ်။

Huawei က Huawei Cloud Service Solution Architect Professional (HCIP)

Oracle က Oracle Cloud Infrastructure 2022 Certified Foundations Associate

Oracle က အခမဲ့။ Foundation exam ဖြစ်နေလို့။

Huawei က ရုံးကို exam voucher sponser ပေးလို့ဖြေဖြစ်သွားတာပဲ။ အဲ့ဒါကတော့ ဒေါ်လာ ၃၀၀ တန်တယ်။ အမှတ် ၁၀၀၀ မှာ ၆၀၀ ရရင် အောင်တယ်။ မေးခွန်းမေးတဲ့ပုံစံက "Single Answer, Multiple Answer, True-false Question, Fill in the blank answers, Drag and drop item"။

မေးတာကတော့ အောက်က ပုံထဲက scope ထဲကဟာတွေပဲ မေးတာ။

အခု cloud တော်တော်များများက foundation level တွေဆို အခမဲ့ပေးဖြေပြီး associate / professional မှပဲ ပိုက်ဆံပေးရတာများတယ်။ ဟိုးတလောက GCP training အတွက် အခမဲ့ပေးတဲ့ဟာ register လုပ်လိုက်ပေမယ့် ဖုန်းခေါ်တာကို မကိုင်မိလိုက်တဲ့အတွက် မရလိုက်ဘူး။

Oracle Cloud Infrastructure လည်း ကြိုက်တယ်။ OCI မှာက online learning အခမဲ့ ဖြေမှ exam ဘာသာရပ်အလိုက်ပိုက်ဆံသွင်းပြီး ဖြေရုံပဲ။

ပြဿနာတခုက မြန်မာမှာက Cloud ဆို AWS, Networking ဆို Cisco, Virtualization(Hypervisor) ဆို VMware ဖြစ်နေကြတာများတယ်။ အဲ့ဒါတွေ အသုံးများတယ်။ အဲ့တော့ တခြားဟာ ဖြေထားရင် သဘောတရားဘယ်လောက်ပဲ တူတယ်ပြောပြော၊ ကျွန်တော် အလုပ်ဖြစ်အောင် လုပ်နိုင်ပါတယ် ဘယ်လောက်ပြောပြော HR စားပွဲပေါ်မှာတင် သည်ကောင်က AWS certified မဟုတ်လို့ ဟိုဟာမဟုတ်လို့ သည်ဟာမဟုတ်လို့နဲ့တင် ပွဲက ပြတ်နေပြီ။ လျှောက်မယ့်အလုပ်ထဲမှာ ကိုယ့်ကို သိတဲ့လူရှိရင်တော့ အဆင်ပြေနိုင်တာပေါ့လေ။

More from this blog

37th Birthday

25 Aug 2024 မှာ ၃၇ နှစ်ပြည့်ပါတယ်။ မွေးနေ့ဆုတောင်း အိမ်ကလူတွေနဲ့ အလုပ်ထဲက မိတ်ဆွေတချို့ဆီကနေ ရတယ်။ အိမ်ကလူတွေဆိုလို့ အဖေနဲ့ ကိုယ့်နှမ အငယ်ဆုံးပါပဲ။ အလုပ်ထဲကလူတွေကတော့ မုန့်ဝယ်ကျွေးထားလို့ မှတ်မိနေကြတာ။ မွေးနေ့ အမှတ်တရ သွေးသွားလှူမယ် အစောကြီးကတည်းက တွ...

Aug 25, 20241 min read
37th Birthday

Linux Server Hardening

Server Hardening ဆိုတာဘာလဲ လွယ်လွယ်ပြောရရင်တော့ Linux Systems ကို Attack လုပ်ရခက်အောင် security မြှင့်တာ၊ သုံးထားတဲ့ library တွေမှာ vulnerability တွေရှိရင် အဲသည့်အားနည်းချက်ကို အသုံးချမခံရအောင် upgrade လုပ်တာပါပဲ။ ဘယ်လို လုပ်ကြမလဲ? အောက်က အချက် ၉ ချက...

Jun 21, 20233 min read

Own Service ကို systemd နဲ့ startup လုပ်တာ env ကြောင့်အလုပ်မလုပ်တာလေး

ပြီးခဲ့တဲ့ တပတ်ကျော်လောက်က ရုံးက ထုံးစံအတိုင်းပဲ java နဲ့ ရေးထားတဲ့ service တခုကို boot အတက်မှာ running ဖြစ်အောင်လုပ်ပေးပါဆိုတော့ ဒါလေးများ easyquizzy လုပ်နေကြပဲ ဆိုပြီး script ရေးပြီး ထည့်တာပေ့ါလေ။ ဘယ်လိုလုပ်လဲက အွန်လိုင်းမှာ လိုက်ရှာကြည့်လို့ရပါတယ်...

Jun 15, 20232 min read

လူတွေ စာဖတ်ပျင်းသွားကြပြီလား

လူတွေ စာဖတ်ပျင်းသွားကြပြီလား ဆိုတော့ စာအုပ်ကိုင်ပြီး ဖတ်ရတာ ပျင်းလာတယ်ဆိုရင်တော့ ဟုတ်မှာပဲ။ စာအုပ်ကိုင်ဖတ်တဲ့လူနည်းသွားပေမယ့် ဖုန်း tablet ကွန်ပျူတာ ဒါတွေကိုသုံးပြီး စာဖတ်နေတဲ့လူတွေ မနည်းဘူး မဟုတ်လား။ ဒါဖြင့် စာအုပ်တွေ မရောင်းရတော့ဘူးလား။ မဟုတ်ဘူးလို...

May 15, 20231 min read

zarneaung

6 posts

The guy who loves playing chess, who works as a SysAdmin, SRE and/or Cloud Engineer.