Skip to main content

Command Palette

Search for a command to run...

ရန်ကုန်နှင့် ၁၅ နှစ်

Updated
1 min readView as Markdown
Z
Enthusiastic about Linux, Cloud, SysAdmin. Certified - FCP NS | CKA | HCIP | OCI | RHCE

၂၀၁၁ ဇူလိုင်၂၁ ရက်နေ့က ရန်ကုန်ကို အလုပ်လုပ်ဖို့ရောက်တာဆိုတော့ မနက်ဖြန် ၂၁ ရက် ဇူလိုင် ၂၀၂၆ ဆို ရန်ကုန်ရောက်တာ ၁၅ နှစ်ပြည့်ပြီ။ လူတယောက်ကောင်းကောင်းအရွယ်ရောက်လို့ရတဲ့အချိန်ကာလတခုပဲ။ ဇူလိုင် ၂၁ ကိုမှတ်မိနေတာက အာဇာနည်နေ့ပြီးတော့ နောက်နှစ်ရက်ဖြစ်လို့ပဲ။

နယ်က အိမ်ကိုတခါတလေပြန်ရင် ရန်ကုန်ဘယ်တော့ ပြန်မှာလဲလို့ လွန်ခဲ့တဲ့ ၁၀ နှစ်ထဲက အမေးခံရတယ်။ ကိုယ်လည်း နယ်မပြန်ဖြစ်တာ ကြာပြီ၊ ပြန်ရောက်ရင် သွားလည်ရမယ့် အမေ့ဘက်ကအမျိုးတချို့ မရှိတော့ပြီ။ ၂၀၁၆ ဒီဇင်ဘာ ၇ ရက်မှာ အမေဆုံးသွားပြီးနောက်ပိုင်း နယ်က အိမ်ကလည်း အိမ်မမည်တော့ပါဘူး။

သည် ၁၅ နှစ်အတွင်းမှာ IT Technician, Systems Administrator, SRE အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့၊ ပြုနေတာပဲ။

ဘာအောင်မြင်သလဲ မေး၊ သာမာန်ပဲလို့ ဖြေရမယ်။ လစာတွေတိုးလာတယ်ဆိုပေမယ့် ကုန်ဈေးနှုန်းက လေးငါးဆ တက်တာဆိုတော့ လစာတိုးတာ ဘာမှမထူးလို့ပဲ ဖြေရမယ်။ အရင်တုန်းကလည်း USD 1000, 1500 ဝန်းကျင်ရှိတဲ့ ဖုန်းကောင်းကောင်းတလုံး ကွန်ပျူတာကောင်းကောင်းတလုံး ချက်ချင်းမဝယ်နိုင်သလို အခုလည်း အရင်အတိုင်းပဲ။ တကယ်တော့ ဖုန်းဈေးကွန်ပျူတာဈေးတွေက တက်ကုန်တာ မဟုတ်ဘဲ ကိုယ်တွေ ငွေဈေးက ကျတာကိုး။ ၂၀၂၆ နှစ်ဦးမှာ AI မှာ RAM, GPU card တွေ တအားသုံးလာလို့ laptop တွေ ဖုန်းတွေရဲ့ ဈေးတက်လာတာလည်း ရှိတယ်။ အခုရသလောက် ၂၀၁၉ ဝန်းကျင်ကသာရရင် လူလတ်တန်းစားအောက်ဆုံးအလွှာလေးတော့ မီဦးမှာပဲ။ ခုတော့ ကိုကြီးငဲရဲ့ "ဝေးပြီ ဘေးဘီ" ပဲ။

ပျောက်ဆုံးသွားတဲ့ မျိုးဆက်တွေ ရှိတယ်။ လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ အခွင့်အရေးတွေ ရှိတယ်။ ဒါက ကိုယ်တွေရဲ့အကြောင်းတွေပေ့ါလေ။

ခက်ခဲတဲ့ကာလတွေမှာ စိတ်ရှည်သည်းခံပါတဲ့။ လိုချင်တာတွေကို ရအောင်လုပ်ရဦးမှာဆိုတော့ အပင်ပန်းခံလိုက်ပါဦးလို့ ကိုယ့်ကိုကိုယ် အားပေးရတယ်။ စိတ်ပျက်အားငယ်တာ မဟုတ်ပေမယ့် သိပ်မကြာခင် နောက်နှစ် သြဂုတ်လဆို အသက် ၄၀ ပြည့်မှာ ဖြစ်မှာအတွက် ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်။ လိုချင်တာ မရတာ မကြိုးစားလို့ ဆိုတဲ့ အပေါစားမိုတီဗေးရှင်းတွေအတွက်တော့ ကြိုးစားတိုင်းလည်း ရတာမှ မဟုတ်တာလို့ပဲ ပြောချင်တယ်။

29 views

ငါပြောချင်သမျှ ငါ့အကြောင်းတွေ

Part 1 of 4

ဆရာကြီး ဒေါက်သာသန်းထွန်းရဲ့ ကိုယ်ရေးအထ္ထုပတ္တိစာအုပ်နာမည်က "ငါပြောချင်သမျှ င့ါအကြောင်း"။ ကျွန်တော်က သည်နာမည်ကိုကြိုက်လို့ယူသုံးပါတယ်။ ကျွန်‌တော်‌‌ရေးချင်တာတွေ လျှောက်ရေးနေခြင်းသာ ဖြစ်ပါတယ်။ မည်သူ့အတွက်မှ ရေးခြင်း မဟုတ်ပါ။ မခိုင်စိုးလင်း စကားကို ယူသုံးရလျင် "လက်အရိုးပါ၍ ရေးသောစာများ ဖြစ်တယ်၊ အသိပညာ တစုံတရာ ရစေလိုသော စေတနာမရှိ။"။

Up next

ကိုယ့်အကြောင်းမိတ်ဆက်

နာမည်အရင်းက ဇာနည်အောင်။ မြန်မာသက္ကရာဇ် ၁၃၄၉ ခုနှစ် တော်သလင်းလဆန်း ၂ ရက်၊ ခရစ်နှစ် ၁၉၈၇၊ သြဂတ်လ ၂၅ ရက်နေ့ မွေးပါတယ်။ ‌မွေးချင်းသုံးယောက်မှာ အကြီးဆုံး သားကြီးသြရသ ဖြစ်တယ်။ Facebook မှာ KoZan ဆိုတဲ့နာမည်

More from this blog

အရောင်၊အဆင်း၊အနံ့ နဲ့ ငယ်ဘဝ

မူကြိုစတက်ရတုန်းက ၃ နှစ်သား၊ ၁၉၉၀ ဝန်းကျင်လောက် ဖြစ်မယ်။ မူကြိုဆိုတာထက် နေ့ကလေးထိန်းကျောင်းလို့ ပြောရင် ပိုမှန်မယ်။ မှတ်မိတာကတော့ အန်တီသိန်းတို့ကျောင်းလို့ ခေါ်တာပဲ။ နေ့ကလေးထိန်းကျောင်းက ငွေလှံထဲမှာ န

Jul 26, 20261 min read11

ကိုယ့်အကြောင်းမိတ်ဆက်

နာမည်အရင်းက ဇာနည်အောင်။ မြန်မာသက္ကရာဇ် ၁၃၄၉ ခုနှစ် တော်သလင်းလဆန်း ၂ ရက်၊ ခရစ်နှစ် ၁၉၈၇၊ သြဂတ်လ ၂၅ ရက်နေ့ မွေးပါတယ်။ ‌မွေးချင်းသုံးယောက်မှာ အကြီးဆုံး သားကြီးသြရသ ဖြစ်တယ်။ Facebook မှာ KoZan ဆိုတဲ့နာမည်

Jul 21, 20261 min read14

Linux Server Hardening

Server Hardening ဆိုတာဘာလဲ လွယ်လွယ်ပြောရရင်တော့ Linux Systems ကို Attack လုပ်ရခက်အောင် security မြှင့်တာ၊ သုံးထားတဲ့ library တွေမှာ vulnerability တွေရှိရင် အဲသည့်အားနည်းချက်ကို အသုံးချမခံရအောင် upgrade လုပ်တာပါပဲ။ ဘယ်လို လုပ်ကြမလဲ? အောက်က အချက် ၉ ချက...

Jun 21, 20233 min read58

zarneaung

5 posts

The guy who loves playing chess, who works as a SysAdmin, SRE and/or Cloud Engineer.