Skip to main content

Command Palette

Search for a command to run...

ကိုယ့်အကြောင်းမိတ်ဆက်

Updated
1 min readView as Markdown
Z
Enthusiastic about Linux, Cloud, SysAdmin. Certified - FCP NS | CKA | HCIP | OCI | RHCE

နာမည်အရင်းက ဇာနည်အောင်။ မြန်မာသက္ကရာဇ် ၁၃၄၉ ခုနှစ် တော်သလင်းလဆန်း ၂ ရက်၊ ခရစ်နှစ် ၁၉၈၇၊ သြဂတ်လ ၂၅ ရက်နေ့ မွေးပါတယ်။ ‌မွေးချင်းသုံးယောက်မှာ အကြီးဆုံး သားကြီးသြရသ ဖြစ်တယ်။

Facebook မှာ KoZan ဆိုတဲ့နာမည်နဲ့ အကောင့်ရှိတယ်။ Social Media သုံးရင် KoZan ဆိုတဲ့နာမည်နဲ့ သုံးတာများတယ်။ Linkedin ကတော့ နာမည်အမှန် ဇာနည်အောင်နဲ့ပဲ သုံးပါတယ်။ Ko Zan ဆိုတဲ့ နာမည်က ZarNeAung အတိုကောက် ZNA ကို ZAN လို့ ပြောင်းလိုက်တာ သက်သက်ပဲ။

သီချင်းတွေ နားထောင်ရတာ ကြိုက်တယ်။ စာတွေ ဖတ်ရတာ ကြိုက်တယ်။ သီချင်းမဆိုတတ် (ကီးမဝင်)၊ ဂစ်တာမတီးတတ်၊ တခြားတူရိယာတွေလည်း မတီးတတ်ပါဘူး။ တယောထိုးမယ်၊ စန္ဒယားတီးမယ် စိတ်ကူးရှိပေမယ့် အကောင်အထည်မပေါ်သေးဘူး။ နိုင်ငံတကာစစ်တုရင် ကစားရတာ ဝါသနာပါတယ်။ rating ကတော့ အလယ်အလတ်အဆင့်ပဲရှိတယ်။ မြေပြင်ပွဲတွေ နဲ့ FIDE အသိအမှတ်ပြု online ပွဲတွေ မထိုးရသေးတဲ့အတွက် FIDE Rating တော့မရသေးပါ။ ‌ရိုးရာစစ်တုရင်ကစားဖို့၊ လေ့လာဖို့ စိတ်သိပ်မသန်သေးပါ။

အသက်မွေးဝမ်းကျောင်းအနေနဲ့ IT (SRE / CloudOps / Platform Engineer) လုပ်တယ်။ အခုလက်ရှိလုပ်နေတာက SRE ဖြစ်တယ်။

တောင်ငူတက္ကသိုလ်ကနေ ဓါတုဗေဒဘွဲ့နဲ့ ဒီပလိုမာကတော့ Software Engineering ရတယ်။ အချိန်နဲ့ ပိုက်ဆံရှိရင် ဘွဲ့ထပ်လိုချင်သေးပေမယ့် ယူဖြစ်မယ်ဆိုရင် Management အတွက် ဘွဲ့တခုခုပဲ ဖြစ်မယ်။ Certificates တွေတော့ လုပ်ငန်းခွင်လိုအပ်ချက်အရ အသက်မွေးဝမ်းကျောင်းအတွက် အသုံးဝင်မယ့် certificate တွေယူထားတယ်။ နောက်လည်း ထပ်ယူရဦးမယ်။ ဘွဲ့တွေ ဒီဂရီတွေပညာတကယ်တတ်တဲ့ဟာတွေက သိပ်ဈေးကြီးတယ်။

ခုတော့ AI ‌Trend တအားခေတ်စားလာပြီး IT အလုပ်တွေလည်း ခြိမ်းခြောက်ခံနေရတာပဲ။ ကိုယ်က AI ကို ခိုင်းနိုင်အောင်လုပ်တယ်ထားဦး နောက်ဘယ်နှစ်နှစ်လဲ ရှိဦးမယ်။ သေချာတာကတော့ အရင်တုန်းကလိုအလုပ်တွေ ပေါဖို့မလွယ်တော့ဘူး။ AI ကုမ္ပဏီတွေမှာ လုပ်နေတဲ့ AI Engineer တွေလိုလည်း ကိုယ်က မစွမ်းနိုင်‌တော့ပြီပေ့ါလေ။ ကိုယ့်ကိုကိုယ် ကန့်သတ်တာမဟုတ်ပေမယ့် ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကိုလည်း သိရမယ် မဟုတ်လား။

14 views

ငါပြောချင်သမျှ ငါ့အကြောင်းတွေ

Part 2 of 4

ဆရာကြီး ဒေါက်သာသန်းထွန်းရဲ့ ကိုယ်ရေးအထ္ထုပတ္တိစာအုပ်နာမည်က "ငါပြောချင်သမျှ င့ါအကြောင်း"။ ကျွန်တော်က သည်နာမည်ကိုကြိုက်လို့ယူသုံးပါတယ်။ ကျွန်‌တော်‌‌ရေးချင်တာတွေ လျှောက်ရေးနေခြင်းသာ ဖြစ်ပါတယ်။ မည်သူ့အတွက်မှ ရေးခြင်း မဟုတ်ပါ။ မခိုင်စိုးလင်း စကားကို ယူသုံးရလျင် "လက်အရိုးပါ၍ ရေးသောစာများ ဖြစ်တယ်၊ အသိပညာ တစုံတရာ ရစေလိုသော စေတနာမရှိ။"။

Up next

About Me | Zar Ne Aung

A highly accomplished, certified IT professional with over 10 years of experience encompassing Site Reliability Engineering (SRE), Cloud Operations, System Administration, and Infrastructure Managemen

More from this blog

အရောင်၊အဆင်း၊အနံ့ နဲ့ ငယ်ဘဝ

မူကြိုစတက်ရတုန်းက ၃ နှစ်သား၊ ၁၉၉၀ ဝန်းကျင်လောက် ဖြစ်မယ်။ မူကြိုဆိုတာထက် နေ့ကလေးထိန်းကျောင်းလို့ ပြောရင် ပိုမှန်မယ်။ မှတ်မိတာကတော့ အန်တီသိန်းတို့ကျောင်းလို့ ခေါ်တာပဲ။ နေ့ကလေးထိန်းကျောင်းက ငွေလှံထဲမှာ န

Jul 26, 20261 min read11

ရန်ကုန်နှင့် ၁၅ နှစ်

၂၀၁၁ ဇူလိုင်၂၁ ရက်နေ့က ရန်ကုန်ကို အလုပ်လုပ်ဖို့ရောက်တာဆိုတော့ မနက်ဖြန် ၂၁ ရက် ဇူလိုင် ၂၀၂၆ ဆို ရန်ကုန်ရောက်တာ ၁၅ နှစ်ပြည့်ပြီ။ လူတယောက်ကောင်းကောင်းအရွယ်ရောက်လို့ရတဲ့အချိန်ကာလတခုပဲ။ ဇူလိုင် ၂၁ ကိုမှတ်မ

Jul 20, 20261 min read29

Linux Server Hardening

Server Hardening ဆိုတာဘာလဲ လွယ်လွယ်ပြောရရင်တော့ Linux Systems ကို Attack လုပ်ရခက်အောင် security မြှင့်တာ၊ သုံးထားတဲ့ library တွေမှာ vulnerability တွေရှိရင် အဲသည့်အားနည်းချက်ကို အသုံးချမခံရအောင် upgrade လုပ်တာပါပဲ။ ဘယ်လို လုပ်ကြမလဲ? အောက်က အချက် ၉ ချက...

Jun 21, 20233 min read58

zarneaung

5 posts

The guy who loves playing chess, who works as a SysAdmin, SRE and/or Cloud Engineer.