Skip to main content

Command Palette

Search for a command to run...

အရောင်၊အဆင်း၊အနံ့ နဲ့ ငယ်ဘဝ

Updated
1 min readView as Markdown
Z
Enthusiastic about Linux, Cloud, SysAdmin. Certified - FCP NS | CKA | HCIP | OCI | RHCE

မူကြိုစတက်ရတုန်းက ၃ နှစ်သား၊ ၁၉၉၀ ဝန်းကျင်လောက် ဖြစ်မယ်။ မူကြိုဆိုတာထက် နေ့ကလေးထိန်းကျောင်းလို့ ပြောရင် ပိုမှန်မယ်။ မှတ်မိတာကတော့ အန်တီသိန်းတို့ကျောင်းလို့ ခေါ်တာပဲ။ နေ့ကလေးထိန်းကျောင်းက ငွေလှံထဲမှာ နေဝင်းအောင် လ္ဘက်၊ပဲလှော်ဖိုနဲ့ ခြံခြင်းကပ်လျက်ပဲ။ အဲ့တုန်းက အဖေက ဝန်ထမ်းဆိုတော့ ပြည်တော်သာမှာနေကြတာ။ ရပ်ကွက်အနေနဲ့ ပြောရရင်တော့ တရပ်ကွက်ထဲပဲ။ ၁၈ ရက်ကွက်ထဲမှာပဲ၊ စက်ဘီးနဲ့ ‌ဖြေးဖြေးနင်းရင် အဲ့သည့်နေရာကို ‌‌ရောက်ဖို့ ၁၅ မိနစ်လောက်တော့ ကြာမယ်။ ဒါက ကြီးမှ မှတ်မိတာပေါ့၊ အမေ့အမွေဆိုင်ခြံက ငွေလှံထဲမှာပဲကိုး။

အဲ့တုန်းက တနေရာရာသွားရင် စီးစရာ စက်ဘီ၊ ဆိုက္ကားးပဲပေါတာ။ ကိုယ့်တီလေး (အမေ့ညီမ အငယ်ဆုံး)က သော်လည်းကောင်း၊ အဖေတို့ကသော်လည်းကောင်း၊ ဆိုက္ကားဆရာတွေကသော်လည်းကောင်း ကိုယ့်လိုက်ပို့ရတာပေါ့။

အနံ့တွေနဲ့ ပတ်သက်ရင် စပြီးမှတ်မိတာ၊ မူကြိုကျောင်းရောက်ခါနီးရင် ရတတ်တဲ့ ရေမြောင်းနံ့နဲ့ ဂျင်း(ချင်း) အနံ့ပဲ။ ဘေးက လ္ဘက်နဲ့ ပဲကြော်ဖိုက ဂျင်း(ချင်း)လည်း ရောင်းတာပေ့ါ။ ကြည့်ရတာ ဂျင်းကို ဆေးတဲ့ ပြုတ်တဲ့ရေတွေကို မြောင်းထဲ သွန်ချပုံရတယ်။ ကိုယ့်အတွက် ဘဝမှာ ပထမဆုံး စိတ်ထဲ စွဲစွဲထင်ထင်မှတ်မိနေတာက ရေမြောင်းနံ့နဲ့ ဂျင်းအနံ့ပဲ။ အဲ့သည့်အနံ့ရတိုင်း မူကြိုကျောင်းနား ရောက်သွားသလို ခံစားရတယ်။

ကျောင်းမှာက စာသင်သလား မမှတ်မိပါ။ ကကြီးခခွေး ကို အလွတ်ရွတ်ရတာလား။ abcd ကို အလွတ်ရွတ်ရတာလား မမှတ်မိပါ။ မှတ်မိတာကတော့ အဲ့သည့်ကျောင်းက လူတွေက ကျောင်းသားအားလုံးရဲ့ အိမ်က ထည့်ပေးလိုက်တဲ့ ထမင်းတွေ၊ ဟင်းတွေကို ဇလုံတခုထဲရောပြီး ကျောင်းသားတွေကို နယ်ဖတ်ခွံ့ကျွေးတာပဲ။ သူတို့လည်းစား ကလေးတွေလည်း စားပဲ။ ပြီးရင် အိပ်ပဲ။ မိဘတွေလည်း သိကြမှာပါ။ မူကြိုကျောင်းက အဲ့လိုပဲ ကျွေးတယ်ဆိုတာ။ ပြီးရင် ဆော့ရတာထက် အိပ်ရတာများတယ်။ သနပ်ခါးဘဲကြားကို ညနေ ပြန်တဲ့အထိ မပျက်စေချင်ဘူး ဆရာမတွေက။

19 views

ငါပြောချင်သမျှ ငါ့အကြောင်းတွေ

Part 4 of 4

ဆရာကြီး ဒေါက်သာသန်းထွန်းရဲ့ ကိုယ်ရေးအထ္ထုပတ္တိစာအုပ်နာမည်က "ငါပြောချင်သမျှ င့ါအကြောင်း"။ ကျွန်တော်က သည်နာမည်ကိုကြိုက်လို့ယူသုံးပါတယ်။ ကျွန်‌တော်‌‌ရေးချင်တာတွေ လျှောက်ရေးနေခြင်းသာ ဖြစ်ပါတယ်။ မည်သူ့အတွက်မှ ရေးခြင်း မဟုတ်ပါ။ မခိုင်စိုးလင်း စကားကို ယူသုံးရလျင် "လက်အရိုးပါ၍ ရေးသောစာများ ဖြစ်တယ်၊ အသိပညာ တစုံတရာ ရစေလိုသော စေတနာမရှိ။"။

Start from the beginning

ရန်ကုန်နှင့် ၁၅ နှစ်

၂၀၁၁ ဇူလိုင်၂၁ ရက်နေ့က ရန်ကုန်ကို အလုပ်လုပ်ဖို့ရောက်တာဆိုတော့ မနက်ဖြန် ၂၁ ရက် ဇူလိုင် ၂၀၂၆ ဆို ရန်ကုန်ရောက်တာ ၁၅ နှစ်ပြည့်ပြီ။ လူတယောက်ကောင်းကောင်းအရွယ်ရောက်လို့ရတဲ့အချိန်ကာလတခုပဲ။ ဇူလိုင် ၂၁ ကိုမှတ်မ

More from this blog

ကိုယ့်အကြောင်းမိတ်ဆက်

နာမည်အရင်းက ဇာနည်အောင်။ မြန်မာသက္ကရာဇ် ၁၃၄၉ ခုနှစ် တော်သလင်းလဆန်း ၂ ရက်၊ ခရစ်နှစ် ၁၉၈၇၊ သြဂတ်လ ၂၅ ရက်နေ့ မွေးပါတယ်။ ‌မွေးချင်းသုံးယောက်မှာ အကြီးဆုံး သားကြီးသြရသ ဖြစ်တယ်။ Facebook မှာ KoZan ဆိုတဲ့နာမည်

Jul 21, 20261 min read30

ရန်ကုန်နှင့် ၁၅ နှစ်

၂၀၁၁ ဇူလိုင်၂၁ ရက်နေ့က ရန်ကုန်ကို အလုပ်လုပ်ဖို့ရောက်တာဆိုတော့ မနက်ဖြန် ၂၁ ရက် ဇူလိုင် ၂၀၂၆ ဆို ရန်ကုန်ရောက်တာ ၁၅ နှစ်ပြည့်ပြီ။ လူတယောက်ကောင်းကောင်းအရွယ်ရောက်လို့ရတဲ့အချိန်ကာလတခုပဲ။ ဇူလိုင် ၂၁ ကိုမှတ်မ

Jul 20, 20261 min read43

Linux Server Hardening

Server Hardening ဆိုတာဘာလဲ လွယ်လွယ်ပြောရရင်တော့ Linux Systems ကို Attack လုပ်ရခက်အောင် security မြှင့်တာ၊ သုံးထားတဲ့ library တွေမှာ vulnerability တွေရှိရင် အဲသည့်အားနည်းချက်ကို အသုံးချမခံရအောင် upgrade လုပ်တာပါပဲ။ ဘယ်လို လုပ်ကြမလဲ? အောက်က အချက် ၉ ချက...

Jun 21, 20233 min read60

zarneaung

5 posts

The guy who loves playing chess, who works as a SysAdmin, SRE and/or Cloud Engineer.